တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရား၌ ယာယီတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ရပ်တော်ဘုရား၌ ယာယီတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများသည် ၎င်းတို့ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးလာသော အမျိုးသား အချို့ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ်ရာက လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်သွားနေသော အမျိုး သား ၃ ဦးနှင့် အနီးရှိ ဆိုင်ထဲ၌ နေသူ အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ စိုးရိမ်ရဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သားများ၏ လိုက်လံပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် သွားလာနေသော အမျိုးသား ၃ ဦး မှာ လက်မောင်းကျည်ရှပ်ထိကာမစိုး ရိမ်ရရရှိပြီး ရပ်တောင်မူ ဘုရားရှေ့ဈေးဆိုင် အတွင်း၌ ဈေးရောင်း နေသူ အသက် ၄၀ ကျော်အရွယ် ဒေါ်သွယ်သွယ်ဝင်းမှာ ဆီးခုံ၊ ဖင်နှင့် ခြေထောက်တို့၌ ကျည် ၃ ချက် ထိမှန်ုဒဏ်ရာရရှိပြီး စိုးရိမ်ရသဖြင့် ထားဝယ်ဆေးရုံကြီး အရေးပေါ် ဌာနတွင် တင်ပို့ကုသထားရသည်ဟု ဆို သည်။
လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံရသူများမှာ ဧကနီကျေးရွာဘက်မှ ဖမ်းဆီးလာခြင်းဖြစ်ပြီး ထွက်ပြေး သူများလည်း ပြန်လည်ဖမ်းမိသွားကြောင်း၊ အဆိုပါ အကြမ်းဖက် ဖက်ဆစ်တပ်များသည် ရေဖြူမြို့ နယ်အတွင်းရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ကုန်းရေအင်း၊ရငဲရွာများကို စစ်ကြောင်းထိုးကာ ပြည်သူတို့၏ နေအိမ်များစွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။