မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီ စခန်းတစ်ခုအား ဩဂုတ်လ (၂၀) ရက်နေ့ နံနက် (၅:၃၀)နာရီချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က အရာရှိတစ်ဦး ပွဲချင်းပြီး သေဆုံးကာ၊ အခြားအဆင့် ရဲဘော် တစ်ဦးမှာ အပြင်းထန်ဒဏ်ရာရပြီး ဆေးရုံးအရောက်ကာ ညနေပိုင်းတွင် သေဆုံးခဲ့ကြောင်းသိရသည်။
CDF အရှိုဘက်က ကျည်ဆန်လုံလောက်မူ မရှိသဖြင့် (၄၅) မိနစ်အကြာ အပြန်အလှန်ပစ်ခတ်ကာ (၆:၁၅)အချိန် ထိခိုက်မူတစ်စုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။