မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ)ရွာမှ ထွက်လာသော အကြမ်း ဖက် စစ်သားများ လိုက်ပါ လာသည့် လိုက်ထရပ်ကား ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း MGN 35 မှ တပ်ခွဲမှူး ကိုနွေမိုက် က ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၂ ရက် ညနေ ၃ နာရီ ၇ မိနစ်ခန့်က ကျောက်ကံ(ပျူ) ရွာမှ လိုက်ထရပ်ကားတစ်စီး၊ မှန်လုံယာဉ် ၃ စီးဖြင့် ထွက်လာရာ မှန်လုံယာဉ် ၃ စီးမှာ နဘူးအိုင်ဘက်သို့ ထွက်ခွာသွားပြီး လိုက်ထရပ် ကားတစ်စီးမှာ မြင်းခြံမြို့ ဘက် သို့ ထွက်လာရာ လိုက်ထရပ်ကားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းအတွင်းသို့ ရောက်ရှိလာသဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“ကျနော်တို့မိုင်းဆွဲခဲ့တဲ့ကားပေါ်မှာက ၁၃ ကောင်ပါတာဗျ၊ မြင်းခြံ-နဘူးအိုင် လမ်းမပေါ် ကျောက်ကံ (ပျူ)ရွာ ဝင်ပေါက်နားမှာ မိုင်းဆွဲခဲ့တာ၊ ကျန်တဲ့မှန် လုံယာဉ် ၃ စီးက မိုင်းကွင်းနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ နဘူးအိုင်ဘက်ကို ထွက်သွား လို့ လွတ်သွားတဗျ၊ မိုင်းဆွဲတဲ့နေရာမှာတော့ သေနတ် ၂ ချက်ပစ်ဖောက် သွား တယ်၊ ကားကတော့ မရပ်ဘူး၊ လမ်းတဝက်ရောက်မှ ကားက ရပ်သွားတယ် လို့သိရတယ်၊ အဲဒီအချိန် မှာ ဒဏ်ရာရတဲ့ စစ်သားတွေက မိုင်းကွဲတဲ့နေရာမှာ ကား မရပ်လို့ ဆိုပြီး ကားမောင်းသမားကို ပြောတာ၊ ကားသမား ကမင်းတို့ ပထွေး တွေ က ထပ်ခွဲလို့ အကုန်မသာပေါ်ကုန်မယ်လို့”အော်ပြောနေ ကြတာ ကို ကြားခဲ့ရတယ်” ဟု MGN 35 မှ တပ်ခွဲမှူး ကိုနွေမိုက်က ပြောကြား သည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ၊ တပ်ခွဲ ၂ (MGN 35) တပ်ဖွဲ့နှင့် ဒေါင်းမင်း တမာန် MGN ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရ ရှိခဲ့ ကြောင်း သိရသည်။