ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ ဇရပ်ခင်ရွာဟောင်းကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး ပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
ဩဂုတ် ၂၂ ရက်မနက် ၁၁ နာရီခန့်မှာ ဇရပ်ခင်ကျေးရွာအနီးရှိ ရေထိန်းတံခါးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ ရွာဟောင်းဘက် လယ်ကွင်းနားကို တလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။