ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (၁၁၀၂)တပ်ရင်းရဲ့ ဖွဲ့စည်းတည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနားကို ဩဂုတ်လ (၂၂)ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ (၁၁၀၂)တပ်ရင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပါတယ်။
(၂)နှစ်ပြည့်အခမ်းအနားမှာတော့ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေကို အလေးပြုတာ၊ ကာကွယ်ရေးဝန်ကြီးမှ ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာ၊ အမှာစကား ပြောကြားခြင်း ၊ အားပေးစကားပြောခြင်း စတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ြပပါရှိပါတယ်။