မကွေးတိုင်း၊ မင်းတုန်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သရက်ခရိုင်ပြည်သူ့ကာ ကွယ်ရေး အမှတ်(၄)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မင်းတုန်းမြို့နယ်၊ကြို့ဝကျေးရွာနဲ့ ရွာသစ်ကျေးအကြားကို အကြမ်းဖက် စစ်ကောင်စီတပ် သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သတင်းအရ ဩဂုတ် ၂၃ရက် မနက် ၈နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုကာ မိုင်းဆွဲပြီး လက်နက် ကြီး / လက်နက်ငယ်တွေနဲ့ (၂)နာရီနဲ့ မိနစ်(၄၀)ခန့်ကြာတဲ့ အထိ နှစ်ဖက် အပြင်းအထန် ပစ်ခတ်တိုက် ခိုက်ခဲ့ကြတာပါ။
ရန်သူ့ဘက်က မိုင်းထိကာ အများအပြား အပြင်းအထန် ထိခိုက် ဒဏ်ရာတွေရရှိပြီး ကျန်ရှိရန်သူတွေက လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြို့ဝကျေးရွာရဲ့ ကုန်းထိပ်ဘက်ကနေ ရန်သူရဲ့ နောက်ချန်အင်အား တွေက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပေမယ့် ရန်သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက် စစ်သား( မျက်မြင်) ၁၅ယောက် ကျော် ကြားသတင်းအရ (၅၀)ကျော်အထိကို သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ နောက်ကျောဘက်ကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားလုံး အထိအခိုက်မရှိ ကောင်း မွန် စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို သရက်ခရိုင်ပြည်သူ့ကာ ကွယ်ရေး အမှတ်(၄)တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ လွတ်မြောက် ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF) တွေ ပူးပေါင်းစစ်ကြောင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေဟာ ရွာသစ်ကျေးရွာအတွင်းကို ဝင် ရောက်ကာ ပြည်သူ့နေအိမ်တွေက အစားအသောက်နဲ့တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူနေတယ်ဆိုတာနဲ့ မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ အပြစ်မဲ့ရွာသား(၅)ဦးကို ဖမ်းဆီးရိုက်နှက် နှိပ်စက်စစ်မေး နေတယ်လို့ သိရပါတယ်။