အရပ်သားတွေ ကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီ ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၃ နိုင်ငံက ရှုတ်ချကြောင်း ဒီကနေ့ မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စစ်ကောင်စီကို ရှုတ်ချတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ကြေညာချက်တရုတ် နဲ့ ရုရှား နိုင်ငံတွေမပါဝင်ဘူးလို့ AP သတင်းဌာနကဖော်ပြထားပါတယ်။
ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နဲ့ ရုရှားနိုင်ငံ မပါဝင်ဘဲ ကျန် ၁၃ နိုင်ငံက တံခါးပိတ်အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကုလ လုံခြုံရေးကောင်စီ က ထုတ်ပြန်တဲ့ အထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်မြင့် တို့ အပါအဝင်မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ကို အမြန်ဆုံး လွတ်ပေးဖို့ လည်းပါဝင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အရပ်သားတွေကိုသတ်ဖြတ်နေတဲ့ ကိစ္စရပ်တွေ ရပ်တန်းကရပ်ဖို့ နဲ့ လူ့အခွင့် အရေး ကို လေးစား လိုက်နာဖို့ ကို ဒီကြေညာချက်မှာတိုက်တွန်းထားပါတယ်။
မနေ့က ကုလသမဂ္ဂက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်မြင့် တို့ အပါအဝင်မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်ပေးဖို့နဲ့ အာဆီယံကြေညာချက် ၅ ခုကိုအကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။