စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အဝင် စက်မှုဇုန်ရပ်ကွက်၊ ဇီဇဝါလမ်း၊ ဆွမ်းလောင်းဓမ္မာရုံအနီးက အင်အား ၅၀ ဦးခန့်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို မဟာမိတ် ပူးပေါင်းအဖွဲ့မှ အိမ်စီးကားနဲ့ သွားရောက်ကာ အလစ်အငိုက် ဝင်ပစ်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကားများ ကင်းလှည့်ချိန်မှာ ကင်းပုန်းဝပ်ပေးရတဲ့ ရန်သူဂိတ်စခန်းကို သြဂုတ် ၂၃ ရက် နေ့လည် ၂နာရီ မိနစ် ၃၀ အချိန်ခန့်မှာ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်သား ၂ ဦးသေပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်မှ အော်ဟစ် ဆဲဆိုပြီး ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ် ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ ဘေးလွတ်ရာသို့ ပြန်လည်ရောက်ရှိခဲ့ ပါတယ်။
အထက်ပါတိုက်ခိုက်မှု မုံမြို့နယ် ပ.လ.ဖ |Guardian Forces၊ မုံရွာနတ်ဆိုး တပ်ရင်း (၂၂) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။