စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ရေယာဥ် ၃ စီးကို ဆားလင်းကြီး ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်ရေယာဥ်တန်း ၃ စီးနဲ့လာတဲ့ အကြမ်းဖက် စစ်ရေယာဥ်တန်းကို သြဂုတ် ၂၄ ရက်နေ့မှာ( One Star Task Force – OSTF ) ဆားလင်း ကြီး ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နောက်ဆုံး စစ်ရေယာဥ် ၁စီး ရဲ့ ဦးခေါင်းပိုင်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အထိခိုက် ၊ကျဆုံး စာရင်း ကိုအတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ရန်သူစစ်တပ်ဘက်မှ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။