ကချင်ပြည်နယ် ရွှေကူမြို့နယ်အစပ်ဖြစ်သည့် ကသာမြို့နယ် ချောင်းဝရွာ၌ တပ်စွဲနေသော စစ်ကောင်စီတပ်ကို မြို့လှ KPDF က ဒရုန်းဖြင့် ၅ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
ဗိုလ်မိုးကြိုးဦးဆောင်သည့် တပ်ခွဲက ယနေ့ညနေ ၄ နာရီခွဲမှ ၈ နာရီကြားတွင် ၅ ကြိမ်တိုက်ခဲ့ပြီး ဗုံးအလုံးရေ (၁၁) လုံး ပစ်ချခဲ့သည်ဟု ရွှေကူသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၎င်းဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရကြောင်း သတင်းရင်းမြစ်က ဆိုသည်။