အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ် ကြောင်းက ပဲခူးတိုင်းအတွင်းရှိ ရပ်ရွာလူထုအား လေးကြောင်း အန္တရာယ်၊ လက်နက်ကြီး အန္တရာယ် ၊မြေမြုပ်မိုင်းအန္တရာယ်တို့နဲ့ ပက်သတ်တဲ့ အရေးကြီးတဲ့ ရှောင်ရန်၊ ဆောင်ရန်များ ၊ လိုက်နာသင့်တာများကို အသိပညာပေး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပါတယ်။
တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacock Column) က ရပ်ရွာလူထုအား သြဂုတ် ၂၅ ရက်မှာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကို ကြုံတွေလာရင် ကြိုတင်ပြင်ဆင်မှုရှိရန် နဲ့ ကြိုတင်ကာကွယ်နိုင်ရန်တို့ကို လက်တွေ့ သရုပ်ပြခဲ့ပါတယ်လို့ PDF စစ်ရုံးချုပ်မှ သြဂုတ် ၂၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အသိပညာပေး၊ဆွေးနွေးဖလှယ်ပွဲမှ ထပ်ဆင့်ပြီး စစ်ဘေးရှောင်များ အချင်းချင်း ကူညီမှုဆိုင်ရာ လုပ်ငန်းစဥ်များ ၊ လိုက်နာသင့် သည်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
အကြမ်းဖက် စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစပြီး အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ပြည်သူပိုင် အဆောက်အအုံများ၊ ဘာသာရေး သာသနိက အဆောက်အအုံ များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ အစဥ်တစိုက် လုပ်ဆောင်လျှက်များ ရှိနေတယ်လို့ ဆိုပါတယ်။