မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ကို စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာလေးသင်္ချိုင်းအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ တိုက်မိုင်း ထိပြီး ၂ဦးသေ ၂ဦး ဒဏ်ရာရသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ် လက်အောက်ခံ သိမ်ဇရပ်အခြေစိုက် ၂ဝ၇ တပ်ရင်း နဲ့ ပျူစောထီးပူးပေါင်း အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်အဖွဲ့ဟာ သိမ်ဇရပ်မြို့ အမှတ်(၁) ရပ်ကွက် ပိုင် ရွာလေးရပ်ကွက်ကနေ တစ်ဆင့် စစ်ကြောင်းထိုးဖို့ ဝင်ရောက် လာတာပါ။
အဲဒီအကြမ်းဖက် စစ်အုပ်စုဟာ ဩဂုတ် ၂၄ရက် ည ၉နာရီမှာ ရွာလေးသင်္ချိုင်းအထွက် လမ်းစုံ အရောက်မှာ KRF၊ KNU/KNLA၊ ABSDF တော်လှန်ရေး ပူးပေါင်းအဖွဲ့ ထောင်ထားတဲ့ မိုင်းထိကာ စကစ ၂၀၇ တပ်ရင်း က (၂)ဦး သေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပျူစောထီးအဖွဲ့က (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။