မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၈၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာကို ဆင်ချောင်းရွာမှ ပျူစောထီး ခေါင်းဆောင် ငလင်း ဦးဆောင်သောအဖွဲ့နှင့် အကြမ်းဖက် စစ်သားများက ကျေးရွာအတွင်းကို ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင်း သိရသည်။
“ရေစကြိုမြို့နယ် ကိုင်းမကြီးရွာကို ဒီနေ့ နံနက် ၅ နာရီလောက်က ဆင်ချောင်းရွာက ပျူစောထီး ခေါင်းဆောင် ငလင်း ဦးဆောင်တဲ့ အဖွဲ့ နဲ့ စစ်ခွေးတွေ ကျေးရွာကို ပစ်ခတ် စီးနင်းပြီး ရွာကို နံနက် ၇ နာရီလောက်က စပြီးမီးရှို့နေတာ နေအိမ် ၈၀ ကျော်ကိုမီးရှို့သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ပျူစောထီး ခေါင်းဆောင် ငလင်း ဆိုသူသည် အနီးနားရှိ ကျေးရွာများကို ဝင်ရောက် မွှေေနှောက် လုယက်လျက်ရှိပြီး လမ်းသွားလမ်းလာ ပြည်သူ့များကိုလည်း ဖမ်းဆီးရိုက်နှိက်ကာ ငွေညစ်၊ ဓါးမြတိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။