သီချင်းရဲ့အစမှာ “ငါတို့ကစစ်သား” ဆိုတာနဲ့ အစချီကာ တပ်မတော်အပေါ် သစ္စာရှိဖို့ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ဖို့ ထည့်သွင်းစပ်ဆိုထားပေမယ့် စစ်ခေါင်းဆောင်တွေရဲ့ မမျှတတဲ့ ချီတက်မှုအမိန့်တွေအတိုင်း သူကိုယ်တိုင် လုပ်ဆောင်ရချိန်မှာတော့ စစ်တိုက်ဖို့ငြင်းဆန်ခဲ့လို့ ဖမ်းခံထားရတာပါ။
ဗိုလ်မှူးနိုင်နိုင်ထွန်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁)ရဲ့ လက်အောက်ခံအမှတ်၄၇ ခြေလျင်တပ်ရင်း(ခလရ ၄၇)က ဖြစ်ပါတယ်။
သူတာဝန်ထမ်းဆောင်နေတဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာအနီး ရှေ့တန်းစစ်စခန်းကုန်းမှာ တိုက်ခိုက်ရေး သွားရောက်နေရာကနေ သြဂုတ်လ ၂၀ ရက်က ဖမ်းခံလိုက်ရတာဖြစ်ပါတယ်။