နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က နိုင်ငံခြားရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်တွေ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာနဲ့ PVTV, Radio NUG, DVB, Mizzima, Khitthit, D Day, D Lann, Voice of Spring, People’s Spring, Thanlwin Time, Red Peacock အစရှိတဲ့သတင်းဌာနတွေကနေတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။