(၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုသောအနေဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ် နဲ့ ခြေလျင်တပ်ရင်း (၆၁) တို့ကို မွန်/ တနင်္သာရီ အခြေစိုက် တော်လှန်ရေး အင်အားစုများမှ မောင်းသူမဲ့ လေယာဥ်ငယ် ( SF – Z ) ၊ ဒရုန်းအမျိုးအစားဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို သြဂုတ် ၂၈ မနက် ၁၁ နာရီ ဝန်းကျင်အချိန်ခန့်မှာ လေယာဥ်ငယ် ( SF – Z ) ဒရုန်းအမျိုးအစားနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ PDF Dawei District Battalion 2 က သြဂုတ် ၂၈ ရက်စွဲနဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ထားပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများနဲ့ ၈ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် အထပ်ပါ တိုက်ခိုက်မှုကို MSRF ၊ YAF၊ ဒေါနစစ်ကြောင်း၊ ABSDF (တပ်ရင်း – ၁)၊ ထားဝယ်ခရိုင် PDF အမှတ် ( ၂ ) တပ်ရင်း (T – 5) ၊KBDF၊ TPLF YDF၊ MSRO မွန် / တနင်္သာရီအခြေစိုက် တော်လှန်ရေး မဟာမိတ် အင်အားစုတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။