စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများနှင့် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ခဲ့သည့် သံဃာ ၁ ပါးကို ဆားလင်းကြီး ပအဖ အဖွဲ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ကာ ကျောင်းဆောင် တစ်ဆောင်၏ ခေါင်မိုး ပျက်စီးသွားပြီး သံဃာတော် ၁ ပါး လက်နက်ကြီး ကျည်ဆထိမှန်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဆားလင်းကြီး ပအဖ အဖွဲ့က ငွေကျပ် ၅၀၀၀၀ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာဌာနမှ ဆားလင်းကြီးဘက်ကို ရောက်ရှိနေသည့် ချောင်းဦးမြို့နယ်၊ ရွှေကူရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၇ စု နှင့် မသန်စွမ်း ၁ ဦးကို စုစုပေါင်း ငေဃကျပ် ၈၀၀၀၀ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။