နေပြည်တော်တွင် အခြေပြု၍ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေသည့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)အဖွဲ့က 338 စနိုက်ပါ ဝယ်ယူနိုင်ရေး ကျပ်သိန်း ၅၀၀ ငွေစုဆောင်းခြင်း ကမ်ပိန်းကို ဩဂုတ် ၃၁ ရက်မှ စက်တင် ဘာ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်တောင်းမြို့ပြပြောက်ကြားအဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။
338 စနိုက်ပါ ဝယ်ယူနိုင်ရေးအတွက် တော်လှန်ပြည်သူများမှ ဝန်းရံထောက်ပို့ပေးကြရန် တောင်းဆိုထားပြီး ကမ်းပိန်းတွင် ပါဝင် ထောက်ပို့သူများကို ကမ်ပိန်းပြီးမြောက်သည့် ရက်တွင် အမှတ်တရ လက်ဆောင် ၅ မျိုး မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပါဝင်ထောက်ပို့လိုသည့် ပြည်သူများအနေနှင့် NUG Pay , ပြည်တွင်း Pay များအပြင် US ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ကိုရီးယားဝမ်ငွေများနှင့် ထောက်ပို့်နိုင်မည်ဖြစ်ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည် တော်)၏ တာဝန်ရှိသူက ပြောကြားသည်။
ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) ၏ လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/STUGNPT သို့ ဆက်သွယ် ပါဝင်နိုင်ကြောင်း သိရှိရသည်။