ကရင်နီပြည်နယ် တစ်နေရာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၉) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
KNDF အမှတ် (၁၉) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲဘော် အောင်နေထူး (ခ) နယ်နယ် ဟာ ရှေ့တန်း တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တွန်းလှန် တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ KNDF တပ်ရင်း (၁၉) က ထုတ်ပြန်ပါတယ်။
ရဲဘော် အောင်နေထူး(ခ)နယ်နယ် ဟာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးနဲ့ အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး အတွက် အစွမ်းကုန် ကြိုးစား တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ရတာ ဖြစ်တယ်လို့ တပ်ရင်း (၁၉) ကပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်အောင်နေထူး ကို အာဇာနည် သူရဲကောင်းအဖြစ် အစဉ်အမြဲ အသိအမှတ်ပြု ဂုဏ်ယူပြီး မိသားစုဝင်များနဲ့ ထပ်တူ ဝမ်းနည်း ပူဆွေးရတယ်လို့လည်း တပ်ရင်း (၁၉) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။