စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာသာလာရွာမှ ရိက္ခာများ လာလုသည့် ပျုစောထီးနှင့် စစ်ကောင်စီပူးပေါင်းတပ်ကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ဒေသကာကွယ်ရေးခေါင်ဆောင်များက ပြောဆိုကြသည်။
ယနေ့ စက်တင်ဘာ၂ ရက်နေ့ နေ့ နံနက်ခင်းအချိန် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းသည် ခင်ဦးနယ်ရွာသစ်ကုန်းရွာမှ စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ၊ ထိုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။
*စစ်တပ်နဲ့ပျုအကောင်ရေ ၃၀ ဦးလောက်ပါမယ်ထင်တယ်။ စစ်ခွေးတွေ ထွက်လာတယ်လို့ သတင်းရတာနဲ့ ကြိုတင်တိုက်မိုင်းတွေ ထောင်တယ်။အဲတိုက်မိုင်းတွေ မိသွားတယ်။ အသေအဆုံးတော့ ရှိနိုင်တယ်။ အတိအကျတော့အတည်မပြုနိုင် သေးဘူး။ လက်ရှိဒီကောင်တွေ ရွာအဝင် ကသူတိုက် နဲ့ရွာဦးဘုန်းကြီးတို့မှာ ခဏနားနေပြီး ရေဦးမြို့ထဲဒဏ်ရာရတဲ့သူ တွေ ထမ်းပြီးဝင်သွားတယ်” ဟု ရေဦးပကဖခါင်းဆာင်က ရှင်းပြသည်။
ရေဦး၊ခင်ဦး၊ရွှေဘိုမြို့များတွင်စစ်တပ်က စစ်ကြောင်းထိုးခြင်းများ ခပ်စိတ်စိတ်လုပ်ဆာင်လာသဖြင့် ပြည်သူများမှာ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။