ကရင်နီပြည်နယ် အခြေစိုက် တော်လှန်ရေး တပ်ပေါင်းစုဖြစ်တဲ့ ကရင်နီ တပ်ပေါင်းစု-KRU ထံကနေ တပ်ဖွဲ့ ၄ ခု တရားဝင် နှုတ်ထွက်လိုက်ပြီလို့ ဒီးမော့ဆို ဆေးတပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီးမော့ဆိုဆေးတပ်၊ KRU ကွန်မန်ဒိုတပ်ဖွဲ့၊ GZ-21PDF (လွိုင်ကော်)၊ FDBF စတဲ့ တပ်ဖွဲ့ ၄ ဖွဲ့ KRU ထံကနေ တရားဝင် နှုတ်ထွက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုနှုတ်ထွက်ခဲ့ပေမဲ့ တပ်ဖွဲ့ ၄ ဖွဲ့ အနေနဲ့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်လက် ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်ပေါင်းစုကနေ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတာကိုတော့ မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပြည်သူတွေ အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်လက် ကူညီပေးကြဖို့လည်း ထုန်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။