ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ၈၉၄ ရက်မြောက်အဖြစ်အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း နဲ့ပူးပေါင်းပြီး ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ကြေးနီသတ္တုတွင်း အကြောင်းပြု လူသတ်ပွဲတွေ လုပ်နေတာ ချက်ချင်းရပ်”ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။