ဩစတြေးလျနိုင်ငံ ၊ အနောက် ဩစတြေးလျပြည်နယ် (Western Australia ပြည်နယ်) က မြန်မာဆရာဝန်တွေ၊ မြန်မာကျန်းမာရေးမိသားစုဝင်တွေ (Medical diaspora) က မြန်မာ့နွေဦးတော်လှန်ရေး အတွက် အလှူငွေများလှူဒါန်းတာနဲ့ ညစာစားပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့ူ ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး အတွက် အလှူငွေလှူဒါန်းမှုကို ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ ပတ်ချ် မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Western Australia ပြည်နယ်မှာရှိတဲ့ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) က လှူဒါန်းခဲ့တာပါ။
အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ဩစတေးလျနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) ရဲ့ နွေဦးတော်လှန်ရေးမှာ လူအား၊ ပညာအား၊ ငွေအားတို့နဲ့ ပါဝင်အားဖြည့်လှူဒါန်းမှုများကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက် တက်ရောက်လာသူများက မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍများ အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက Western Australia မှ Medical diaspora များနဲ့ အတူတကွ ရင်းနှီးစွာ ညစာ စားသုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။