တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု ၊ ယမုံနာကျေးရွာမှာ ပြည်သူပိုင်မြေများကို သိမ်းယူပြီး တရားမဝင် ခဲမိုင်းလုပ်နေတဲ့ ပျူစောထီး ခေါင်းဆောင် ၂ ဦးပိုင်ဆိုင်တဲ့ ခဲမိုင်းလုပ်ကွက်ကို ကျွန်းစု မြို့နယ် ပ.က.ဖ က သွားရောက်ဖျက်သိမ်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီး ၂ ဦးပိုင်ဆိုင်တဲ့ ခဲမိုင်းလုပ်ကွက်အား စက်တင်ဘာ ၃ နေ့လည် ၁ နာရီခန့်မှာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သွားရောက် ဖျက်သိမ်းခဲ့တာပါ။
ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ကတော့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပက်သတ်တဲ့ ထောက်တိုင် များကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်နဲ့ တကွ အသိပေး ဖော်ပြထားပါတယ်။