အစ္စရေး သတင်းစာ Haaretz က စက်တင်ဘာ ၅ ရက်နေ့မှာ သူတို့နိုင်ငံ ကာကွယ်ရေးလုပ်ငန်းစု ၂ ခုဟာ တရားရုံးချုပ်ကပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံကို လက်နက်မရောင်းရ အမိန့်ကို ဖောက်ဖျက်ပြီး စစ်ကောင်စီထံ အဆင့်မြင့်နည်းပညာလက်နက်တွေ ရောင်းချပေးခဲ့တယ်လို့ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် လက်နက်မရောင်းချဖို့ အစ္စရေးတရားရုံးချုပ်က အမိန့် ထုတ်ပြန်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အထိ အစ္စရေး Aerospace Industries (IAI) နဲ့ Elbit Systems လုပ်ငန်း နှစ်ခုကနေ စစ်ကောင်စီထံ ကာကွယ်ရေးစနစ်တွေကို ရောင်းချခဲ့ကြောင်း၊ AIA က လေကြောင်းရန်ကာကွယ်ရေး စနစ်ကို ရောင်းချလိုက်ပြီး Elbit Systems က လေကြောင်းရန်ကာကွယ်ရေးလက်နက်နဲ့ စက်သေနတ်တွေကို တူညီတဲ့ ကာလအတွင်း ရောင်းချပေးခဲ့ကြောင်း၊ အစ္စရေး Ashdod ဆိပ်ကမ်းကနေ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောတင်ရောင်းချခဲ့တာဖြစ်တယ်လို့ Haaretz သတင်းစာက အတိအကျ စွပ်စွဲဖော်ပြခဲ့ပါတယ်။