ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တွေဟာ ရေရှည် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဖို့အတွက် ကိုယ်ထူကိုယ်ထပြုပြင်မှု ပိုများလာတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာလည်း စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်အဝင်လမ်းကို ကွန်ကရက်လမ်းခင်းပြီး ပြုပြင်လျက်ရှိနေကြပါတယ်။
အဲ့ဒီ စစ်ရှောင်အဝင်လမ်းဟာ ကုန်းအတက်အဆင်းကြီးတာကြောင့် မိုးရာသီအချိန်မှာ ကား၊ ဆိုင်ကယ် သွားလာတဲ့အခါ လုံးဝအဆင်မပြေတာကြောင့် ပြုပြင်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်နဲ့ ဒေသခံစုပေါင်းပြီး အလှည့်ကျ လုပ်အားပေးပြီး လမ်းပြုပြင်ကြပါတယ်။
လိုအပ်တဲ့ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ တွေကို အလှူရှင်နဲ့ စစ်ရှောင်တွေ စုပေါင်းပြီး ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။