စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် တပ်မတော်သားနဲ့ ရဲတပ်သား (၁၃၇၇၁)ဦးထိ ရှိလာပြီး၊ (၄၀၀၀) ကျော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖြစ် ပြန်လည် တာဝန်ထမ်းသည်ဟု NUG ပြည်သူ့ ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ထို့အပြင် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် တပ်မတော်သားနဲ့ ရဲတပ်သားထံမှ သေနတ်မျိုးစုံ အလက် (၇၀)ကျော်၊ ကျည်ပေါင်း ၁ေသာင်းကျော်၊ ဗုံးသီးနှင့် ဆက်စပ်ပစ္စည်းများ လက်ခံရရှိပြီး၊ မြန်မာငွေကျပ်သိန်းပေါင်း (၃၀၀၀)ကျော် ဂုဏ်ပြုငွေ ချီမြင့်ခဲ့သည်ဟု ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံသူများအား ဥပဒေအကာကွယ်များနှင့်အညီ လုံခြုံရေးအာမခံချက် ပေးအပ်ထားပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရာတွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့် ပြုမည်ဟု ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံခြင်း မပြုနိုင်သေးသည့် တပ်မတော်သားနဲ့ ရဲတပ်သားများအနေဖြင့်လည်း မိမိတာဝန်ကျရာ တပ်ရင်း၊ စခန်းမှနေ၍ တော်လှန်ရေးကို အလုပ်ကျွေးပြုနိုင်ရန် အစီစဉ်များလည်း ချမှတ်ထားသည်ဟု ဆိုပါတယ်။
ပြည်သူရင်ခွင်ထံ ခိုလှုံလာသည့် တပ်မတော်သားနဲ့ ရဲတပ်သားထဲတွင် ဒုတိယဗိုလ်မှူးအဆင့်၊ အရာရှိကြီးများအပါဝင် အရာရှိ စစ်သည် (၁၃၇၇၁)ဦး ရှိပြီး၊ စီစစ်ဆဲ တပ်မတော်သားနဲ့ ရဲတပ်သား အပါအဝင် စုစုပေါင်း (၁၄၀၀၀)ကျော်ထိ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စစ်ကောင်စီထံ သစ္စာခံလျက် စစ်ရာဇဝင် ကျူးလွန်သူများ၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သူများကိုမူ ၎င်းတို့ ကျူးလွန်သော ပြစ်အူအလိုက် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဟု NUGက ပြည်သူ့ ခုခံတော်လှန်စစ် (၂)နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ပြန်ထားပါတယ်။