မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းနှင့်ဝန်ကြီးများ လာ ရောက် မည့် PNO ရုံးကို မိုင်းဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးယူထားသော စစ်သားများ သေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံနောင် ကုလား ကျေးရွာရှိ PNO ရုံးသို့ နယ်စပ်ရေးရာဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းရင်း သား ရေးရာ ဝန်ကြီး ၊ ပအို့ဝ်ရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တို့ မလာရောက်မီ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ PNO ရုံး ကို လာဖို့ရှိတယ်။ နယ်စပ်ရေးရာဝန်ကြီး ၊ မွန်ဝန်ကြီးချုပ် ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီး ၊ ပအိုဝ်းရေးရာဝန်ကြီး ၊ ကရင်တိုင်းရင်းသာရေးရာဝန်ကြီး လာရောက်ဖို့ရှိတာ ကြောင့် သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အင်အားပြင်းမိုင်းခွဲခဲ့ပါတယ်။ လုံခြုံရေး အစောင့် အဖြစ်ရှိနေတဲ့ စစ်ကောင်စီ တပ်သားအများအပြား ထိခိုက်ဒဏ်ရာရပြီး အသေ အပျောက် စာရင်း မသိရသေးပါ ဘူး” ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။