ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲ လမ်းမကြီးပေါ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေး တင်းမာနေတာကြောင့် ပြည်သူတွေ အနေနဲ့ ဒီကနေ့ စက်တင်ဘာလ ၈ ရက်ကစပြီး အသုံးပြု သွားလာခြင်း မပြုဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဖရူဆို-ဘောလခဲ လမ်းမကြီး တစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ မားခရော့ရှည်၊ လောကျေခူ၊ ထားလဲ၊ နန်းဖဲကျေးရွာ လမ်းပိုင်းတွေကို စစ်ကောင်စီတပ်တွေ အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေတွေကြောင့် ဖရူဆို-ဘောလခဲ လမ်းမကြီးကို စစ်ရေး အခြေအနေအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေ မကြုံရဖို့ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။