မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ MOGE ရေနံ ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ပွင့်ဗိုလ်တစ်ဦးအပါ အဝင် ၆ ဦး သေဆုံးခဲ့ကြောင်း M.V.P Revolution Force အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရှိုင်းလေးမှပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီခန့်က ဂန့်ဂေါမြို့နယ်၊ လုံချည်းအနီးရှိ MOGE ဆိုက် ရေနံ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များက ချဉ်းကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရေချိုးထွက် လာသော ဗိုလ်တစ်ဦးနှင့် နောက်မှ လိုက်လာသော ရဲတစ်ဦး ထိပ်တိုက်တွေ့ဆုံးပြီး လက်ဦးမှုရယူ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ လက်နက်ပါသော အခြားရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြားအပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရှိ သူများလည်းရှိကြောင်း သိရသည်။
“ကျောမြို့အရှေ့ဘက်မှာရှိတဲ့ ကင်းစခန်းဗျ၊ စခန်းသိမ်းဖို့အထိ လုပ်တာဗျ၊ နှစ်ပွင့်ဗိုလ်နဲ့ ထိပ်တိုက်တွေ့ တာ၊ သူက ကောင်လေးတွေ ဘာလုပ်လာ တာလဲတဲ့ မေးတာ၊ အစက ဓားနဲ့ဝင်ထိုးမယ် အလုပ် သူက အော်တော့ ဘောက်လိုက်ဆွဲပေးလိုက်ရတာဗျ၊ သူကအော်တော့ ကျန်တဲ့ သေနတ်ရှိတဲ့ကောင်တွေက ပြန်ပစ်တာ၊ သေတဲ့နှစ်ပွင့်ဗိုလ်က စစ်ဗိုလ်ပဲ နာမည်က ကိုရခိုင်တဲ့၊ ကျောမြို့ကို သယ်ပြီး သင်္ဂြိုလ်သွား တယ်၊ သေတာက ၆ ကောင်ဗျ၊ စခန်းမှာက ၁၆ ကောင်လောက်ရှိတာ၊ အခုတော့ အပေါ် ရေနံကျင်းက စစ်ခွေးတွေ အင်အားထပ် ဖြည့်ထားတယ်” ဟု M.V.P Revolution Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရှိုင်းလေးမှ ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို M.V.P Revolution Force ၊ ပုံတောင်တပ်ဖွဲ့ (ပုလဲ)နှင့် Royal 7 ယင်းမပင် ခရိုင် တပ်ရင်း ၇ တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။