ယင်းမာပင်မြို့နယ်တွင် အမျိုးသမီး မဟာမိတ်အင်အားစု (WAB) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့၌ “ပြစ်ဒဏ် ကင်းလွတ်ခွင့်မရှိစေရ သာတူညီမျှဝါဒ တည်ဆောက်ကြ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။