ရုးရှားနိုင်ငံမှ IL76 လေယာဉ်သည် ယနေ့ နံနက် ၄ နာရီခွဲတွင် ရန်ကုန်သို့ ဆိုက်ရောက်လာပြီး စစ်ကောင်စီအတွက် သဘာ၀ဘေးအန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ပစ္စည်း များ လာရောက်ပို့ဆောင်ကြောင်း သိရှိ ရသည်။
ရုရှား IL76 ၊ လေယာဉ်အမှတ် RA-76841 သည် ရုရှားအစိုးရ ကိုယ်စားလှယ် အဖွဲ့ ဝင် ၁၀ ဦးနှင့်အတူ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများ သယ် ဆောင်လျက် ယနေ့ နံနက် ၄ နာရီခွဲ အချိန် ရန်ကုန်သို့ ရောက်ရှိ လာ ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်တွင် ရုရှားအရေးပေါ် အခြေအနေကူညီကယ်ဆယ်ရေး ဝန် ကြီး ဌာနမှ ပစ္စည်းများကို သယ်ဆောင်လာကာ စစ်ကောင်စီထံသို့ လာရောက် ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။