မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့ကို ဓားစာခံအဖြစ်မခံဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြော ကြားလိုက်ပြီး ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေစဉ် ပြိုင်ဆိုင်မှုရေစီးကြောင်းနောက် မလိုက်ကြဖို့ အာဆီ ယံခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
“ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်ရမှာဖြစ်သလို မြန်မာ့အရေးကြောင့် ဓားစာခံအဖြစ်မခံပါဘူး။ အာဆီ ယံအဖွဲ့က ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုကို ဆက်လက် ဖန်တီးမှာဖြစ်ပါတယ်” လို့ ဂျကာတာမြို့ တော်မှာ အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ပြုလုပ်ခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအ ခမ်းအနားရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် အကျပ်အတည်းနွံအတွင်း သက်ဆင်းခဲ့တဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေက ကြိုး ပမ်းနေကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အတွက် အာဆီယံအဖွဲ့ရဲ့ အတိတ်၊ လက်ရှိနဲ့ အနာ ဂတ် အလှည့်ကျဥက္ကဌ ၃ နိုင်ငံက ကူညီပေးဖို့နည်းလမ်းကို အာဆီယံခေါင်းဆောင်တွေက ရွေးချယ်ခဲ့ပါတယ်။
အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်သူ ၇၀ ကျော်နဲ့ ထိတွေ့ဆက်ဆံမှု ၁၄၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ အာဆီယံဥက္ကဌတာဝန်ကို ၂၀၂၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ယူမယ့် လာအိုဝန်ကြီးချုပ် ဆိုနီဇေဆီဖန်ဒုံထံ လွှဲပြောင်းပေးခဲ့ပါတယ်။