မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရုံးပေါင်းစုံ(ထွေအုပ်ရုံး)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်မှု ၂ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအကြမ်းဖက် ရုံးကို စက်တင်ဘာ ၉ရက် ည၇နာရီအချိန်မှာ Myingyan Black Tiger (MBT)နဲ့ ညီနောင်မဟာမိတ် တပ်ဖွဲ့ဖြစ်တဲ့ N-YSOတပ်ဖွဲ့က ပူးပေါင်းပြီး ပြောက်ကြားနည်းဗျူဟာကို အသုံးပြုကာ သွားရောက် တိုက်ခိုက် ခဲ့တာပါ။
မိနစ် (၃၀) တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖရဲသီးသတင်းပေးချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်သား (၃)ဦးမှာ ရေစကြိုမြို့ နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြောင်း သိရပြီး အဲဒီ တိုက်ပွဲကြောင့် ဒီနေ့မနက်မှာ ထင်းတန်းရပ်ကွက်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။