မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းရွာနှင့် မကျီးစုကျေးရွာကြားတွင် ပဒေသာမိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း ရွှေခြံသားပြောက် ကျားတပ်ဖွဲ့ – မြင်းခြံမြို့နယ်ထံမှ သိရသည်။
စက်တင်ဘာလ ၈ ရက်နေ့က မြင်းခြံမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုး လုယက်ခိုးယူနေသော အင်အား ၃၀ ခန့်ပါ ကြမ်းဖက်စစ်ကြောင်းကို ထိန်ပန်းကျေးရွာနှင့် မကျီးစုကျေးရွာကြားအရောက် ပဒေ သာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။