ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကန်ကြီးရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်ရှိ ကန်ကြီး နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ပေါက်ခေါင်းမြို့နယ်က ကန်ကြီးနယ်မြေရဲစခန်းကို PDF တပ်ဖွဲ့တွေ ဝင်တိုက်တာ ရဲ ၅ ဦးသေတာတော့ အတည်ပြုလို့ရတယ်။ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး” ဟု ပဲခူးတိုင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။