ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့အခြေစိုက် ခမရ ၂၄၇ တပ်မှ စစ်သားနှင့်အရာရှိများ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် သေဆုံးခြင်းနှင့် ကျည်ထိမှန်ဒဏ်ရာ ရသဖြင့် အတိုအပြတ် ဒုက္ခတိ ဘ၀ရောက်ရှိနေခြင်းတို့ကြောင့် ရှေ့တန်းမထွက် လိုကြ တော့သော်လည်း စစ်ကောင်စီက ကရင်နီတိုက်ပွဲဧရိယာသို့ ထပ်မံ စေလွှတ်နေသဖြင့် တပ်သားများနှင့်မိသားစုဝင်များ စိတ်ဆင်းရဲနေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
လွန်ခဲ့သော လများအတွင်း ခမရ ၂၄၇ မှ တပ်သားများနှင့် အရာရှိများကို ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်သို့ စေလွှတ်ခဲ့ကြောင်း၊ ထိုသို့ စေလွှတ်ခဲ့ရာတွင် တပ်သားအများအပြား သေဆုံးခဲ့ပြီး ဒုက္ခတိ ဘ၀ ရောက်ရှိသူ များလည်း အများအပြားရှိကြောင်း၊ တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူများပင် ဆေးကုသ၍ မပြီးဆုံးသေးခင်မှာပင် ရှေ့တန်းသွားရန် ထပ်မံ စေလွှတ်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နမ့်ဆန် ခမရ ၂၄၇ မှာ ကျတာက ၃၀ ကျော်တယ်။ ဒဏ်ရာရတာကလည်း ၅၀ လောက်ရှိတယ်။ အခု ဒုက္ခတိ အတိုအပြတ်တွေတောင် အောင်ပန်း ကုတင် ၇၀၀ ဆေးရုံမှာ ကုသလို့ မပြီးသေးဘူး။ အဲဒါကို ထပ်ပြီး ရှေ့တန်းကို ထပ်လွှတ် တယ်။ ရှိတဲ့လူတွေကို ရှေ့တန်း ထပ်ထွက်ခိုင်းတာ။ အဲဒီတော့ တပ်ထဲမှာ ပွတ်လောရိုက်ကုန်နေတယ်” ဟု တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြ သည်။
ရှေ့တန်းထွက်ရမည့် စစ်သားများနှင့်မိသားစုဝင်များကလည်း စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြပြီး ရှေ့တန်းတွင် သေမည် ဆိုသည့် စိတ် ဖြစ်နေကြကြောင်း၊ နယ်မြေမကျွမ်းကျင်သော ဒေသဖြစ်၍ ရှေ့တန်းတွင် အရှုံးသာလျှင် ရင်ဆိုင်ရ မည်ဟု မိသားစုဝင်များက ခံစားနေကြရကာ တချို့မှာလည်း ထွက်ပြေး တိမ်း ရှောင်လိုကြကြောင်း သိရှိရသည်။
“နောက်တန်းကျန်တဲ့ ဒဏ်ရာရ ဒုက္ခိတတွေအတွက် မိသားစုဝင်တွေက အောင် ပန်း ဆေးရုံမှာ လူနာစောင့်သွားနေရတယ်။ ကောင်းနေတဲ့ လူတွေကျ တော့လည်း ရှေ့တန်းထွက်ရရင် ပြန်လမ်းမရှိတော့ဘူးဆိုပြီး မိသားစုဝင် ငိုကြ ယိုကြဖြစ်နေကြတယ်။ တပ်က ပြေးချင်ကြပေမယ့် မိသားစုလိုက်ကြီး ပြေးဖို့က လည်း မလွယ်တော့ မိသားစုကို ငဲ့ပြီး ပြေးမရကြပြန်ဘူး” ဟု တပ်တွင်း သတင်း ရင်းမြစ်က ဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်တပ် အင်အားအလုံးအရင်း တိုးချဲ့၍ ဆုံးရှုံးသွားသော တပ်စခန်းများ ပြန်လည် ရရှိရေး၊ နယ်မြေစိုးမိုးရေး အတွက် ကြိုးပမ်းနေသော် လည်း သေဆုံးသူများပြားကာ စစ်တပ် ရှေ့တန်းတွင် အရှုံးနှင့်ရင်ဆိုင်နေ ရ ကြောင်း သိရှိရသည်။