ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘော ၁ စီးအား စက်တင်ဘာ ၁၀ ရက် ညနေ ၅နာရီခွဲတွင် မုံရွာခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) Chindwin Fighter Group (C.F.G) အဖွဲ့မှ ဦးဆောင်၍ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းပေးပို့ခဲ့ပါသည်။
ရှေ့ထွက်ပြောင်းတိုက်3ပွိုင့် (9)လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ရာ (၅)မိနစ်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
စစ်သင်္ဘောများမှ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
“ထိခိုက်မှုကတော့များတယ် ၊ အသေအပျောက်များနိုင်တယ်”ဟု တော်လှန်ရေးရဲဘော် တစ်ဦးကပြောပြခဲ့ပါသည်။