စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်ရှောက်ကျေးရွာနှင့် ကျွန်းဘိုကုန်းကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦးခန့်သေဆုံးကာ စစ်တပ်က လေကြောင်းမှ ၁ နာရီကျော်ကြာ ပစ်ကူပေးတိုက် ခိုက်ခဲ့ကြောင်း ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်စတင်၍ ပုလဲမြို့မှ ထွက်လာသော အင်အား ၈၅ ဦး ခန့်ပါ စစ်ကြောင်းကို ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA တပ်ဖွဲ့ဝင်များမှ ပုလဲမြို့ နယ်၊ နွယ်ရှောက်ကျေးရွာနှင့် ကျွန်းဘိုကုန်းကျေးရွာကြားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၁ နာရီကျော်ကြာ ပစ်ကူ ပေးတိုက်ခိုက်ခဲ့ပြီး နွယ်ရှောက်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
“တိုက်ပွဲက ၁ နာရီ ၅ မိနစ်ကနေ မိနစ် ၂၀ လောက်အထိ ဖြစ်တာ၊ စစ်တပ်က အထိနာတော့ နမခ ကနေ Mi 35 နဲ့လာပစ်တယ်၊ အချိန်က ၁ နာရီ မိနစ် ၃၀ လောက်မှာ ရောက်လာတာ၊ တစ်နာရီကျော်ကျော် လောက်ကာပစ်ပေးပြီးတော့ စစ်ကြောင်းက နွယ်ရှောက်ကျေးရွာထဲကို ဝင်သွားပါတယ်၊ စစ်တပ်ဘက်က အနည်း ဆုံး ၅ ယောက်လောက် သေတယ်၊ ပြည်သူ့ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု ဗမာ့ အ မျိုးသားတော်လှန်ရေးတပ်မတော် – BNRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။