စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်သူကျေးရွာအနီးရှိ သစ်ကွင်းမှ ကင်းထောက်ရန် ထွက်ခွာလာ သော စစ်သား ၁ ဦးကို ပစ်ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး -ULF မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က စည်သူသစ်ကွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ ကင်းထောက်ရန် ထွက်လာသော စစ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေး ကင်းထောက်အဖွဲ့မှ တွေ့ရှိပြီး မေးမြန်းရန် ဖမ်းဆီးစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF ၊ ComradeColumn အဖွဲ့ဝင် ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနှင့် မဟာမိတ် Peacock Brother Local PDF တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။