တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအနီး အကြမ်းဖက်စစ်တပ်က အထိုင်ချ တပ်စွဲထားတဲ့ ဘုရာမဲဂိတ်ကို ထားဝယ် ပ.က.ဖ က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ DGRF ရဲ့ သတင်းနှင့်ပြန်ကြားရေးက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဘုရားမဲဂိတ်ကို စက်တင်ဘာ ၁၁ ရက် နေ့လည် ၂ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇၉ မမ ၊ ၈၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် ရန်သူဂိတ်စောင့် တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အကြမ်းဖက် ဂိတ်စခန်းအား Dawei Guerrilla Revolutionary Force ( DGRF ) တပ်ခွဲ( ၂) ၊ ဥသြစ်ကြောင်းရဲ့ တပ်ခွဲ (၁)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အဆိုပါ စစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။