စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)ခေါင်းဆောင်တစ်ဦးအား ရှင်းလင်းခဲ့ပြီး လက်နက်၊ခဲယမ်းနှင့် မူးယစ်ဆေးပြားများသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)က ယနေ့ ထုတ်ပြန်သည်။
ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ် နန့်တုတ်ကျေးရွာ နယ်မြခံ PNOခေါင်းဆောင်အယ်ဝေး၏ နေအိမ်ကို သြဂုတ် ၂၈ရက်က ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။
” 1006တပ်ရင်းက ရဲဘော်တွေ ပင်လောင်းမြို့နယ်၊နန့်တုတ်ကျေးရွာက PNO ခေါင်းဆောင်အိမ် ကိုဝင်စီးရာ ပြန်လည်ခုခံလို့ပစ်ခတ်ရှင်းလင်းရာက သေဆုံးသွားပါတယ်။ ၎င်းကိုင်ဆောင်တဲ့ပစ္စတိုတစ်လက် ကျည်တချို့နဲ့လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းရမိခဲ့ပါတယ်”ဟု ဖယ်ခုံ PDF တပ်ရင်း (၂)က ပြောသည်။
အယ်ဝေးကိုင်ဆောင်သည့်ပစ္စတိုတစ်လက် 9 MM ကျည်အနည်းငယ်နှင့် WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်ပစ်ဗုံးတစ် လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
ထို့အပြင် သြဂုတ် ၂၀ရက် ပင်လောင်းမြို့နယ်၊နန့်ဖာမူရွာ၏ PNO နယ်မြေခံခေါင်းဆောင်မောင်ဝင်း၏ နေအိမ်ကိုလည်း ဖယ်ခုံPDFက ဝင်ရောက်စီးနင်းခဲ့ဖူးသည်။
ထိုစဥ်က မောင်ဝင်းမှာ လွတ်မြောက်သွားသော်လည်း ကျည်ဆံ ၄၀၀ကျော်နှင့် ကျပ်သိန်း ၉၀ကို သိမ်းဆည်းရရှိခဲ့သည်။