မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ PDFဖွဲ့ဝင် (၂)ဦး၏နေအိမ်များအား ဖက်ဆစ်တပ်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မနဲ့ ယခုပတ်ထဲမှာ ချိတ်ပိတ်ခဲ့သည်။
စက်တင်ဘာ(၁၁)ရက်၊နံနက်မှာ ဆိပ်ကမ်းသာရပ်ကွက်ရှိ NLDပါတီဖွဲ့ဝင် ဦးစံရ၏နေအိမ်ကို စစ်ကောင်စီတပ်သားများနဲ့ အုပ်ချုပ်ရေးမှူးတို့မှ ကား(၅)စီးဖြင့်သွားရောက်၍ အိမ်ကိုချိတ်ပိတ်သွားခဲ့ကြောင်း ရာမညသားလေးမှ ဆိုသည်။
ယင်းနေ့အတွင်းမှာပင် သိမ်ဇရပ်မြို့မ ၊(၁)ရပ်ကွက်ရှိ ဦးမြင့်ဦး ၏နေအိမ်ကိုလည်း ဖက်ဆစ်တပ်များနှင့်ပျူဖွဲ့ဝင်တို့မှထပ်မံချိတ်ပိတ်သွားခဲ့ကြောင်း ၎င်းကပြောဆိုသည်။
“နေအိမ်ချိတ်ပိတ်ခံရတဲ့ ပိုင်ရှင်တွေက စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်ဖို့PDFထဲဝင်သွား၍တာဝန်ထမ်းဆောင်နေကြတယ် ၊စစ်တပ်ကလည်း သူတို့အလိုရှိတဲ့သူကိုမရတော့အိမ်ကိုချိတ်ပိတ်တာပေါ့’ဟု၎င်းမှပြောသည်။