တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) တို့ ပူးပေါင်းပြီး ကနောင် စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများပြားခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့ မနက်အစောပိုင်းမှာစတင်ခဲ့ပြီး စက်တင် ဘာလ(၁၀) ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် (၈၂) ဦးသေဆုံးကာ (၁၉) ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်တွေသိမ်းဆည်းရမိခဲ့တယ်လို့သိရပြီး
NUG မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က (၂) ဦးကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ အရပ်သားတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာတွေ ရှိခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပ်မ(၉၉)၊တပ်မ(၁၀၁)လက်အောက်ခံ (ခ.လ.ရ-၂၅၂၊ခ.လ.ရ-၂၅၇)နဲ့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စ.က.ခ-၁) လက်အောက်ခံ ခ.မ.ရ-၅၀၂ တို့က အင်အား(၄၀၀) ဝန်းကျင်နဲ့ တပ်ဆိုင်ထားကာ စစ်ရေးတင်းမာ နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။