အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေါနစစ်ကြောင်းရဲ့ ဆေးတပ်ဖွဲ့က မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဩဂုတ်လအထိ ရေးမြို့နယ်အတွင်းက ကျေးရွာ(၆) ရွာမျာ အမျိုးသား (၆၇)ဦး၊ အမျိုးသမီး(၅၁) ဦးနဲ့ ငါးနှစ်အောက်ကလေးငယ်(၅) ဦးစုစုပေါင်း (၁၂၃) ဦးကို ဆေးဝါး ကုသပေးခဲ့တာပါ။
လက်ရှိကာလဟာ မိုးရာသီဖြစ်တဲ့အတွက် ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ အများဆုံး ဖြစ်ပွားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်းရဲ့ ဆေးတပ်ဖွဲ့ဟာ ရပ်ရွာအတွင်း အခြေခံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသိပညာပေးဖို့အတွက် လိုအပ်တဲ့ ဆေးပညာဆိုင်ရာ သင်တန်းတွေလည်း ဖွင့်လှစ်ပို့ချနေတယ်လို့ ဆိုထားပါတယ်။