စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ် စစ်တပ်ဂိတ်ကို ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက် ခိုက် ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါစစ်တပ်ဂိတ်တွင် ဒီပဲယင်းမြို့ရဲစခန်းမှ ရဲများကို အင်အားဖြည့်တင်းကာ လမ်းသွား လမ်းလာများနှင့် ခရီးသွားပြည်သူများကို စစ်ဆေးနေသည့် ဂိတ်ဖြစ် ကြောင်း၊ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုတွင် စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဒုတိယ သေချာအပိုင်လုပ်နိုင်ဖို့ မြေပြင်မှတ်တမ်းအချက်အလက်တွေ ကောက် ယူတာတွေ လုပ်ရတယ်။ အဲဒီလိုမြေပြင်မှတ်တမ်းမှာ စစ်ခွေးတွေ ဘယ်ချိန်မှာ ဘာလုပ်တယ်၊ ဘာကိုင်တယ် စတဲ့မှတ်တမ်းလုပ်ပြီးမှ အခုလို ဝင်တိုက်ခဲ့တာပါ။ တိုက်ပွဲမှာ ခွေးသုံးကောင်ကို ငရဲပို့နိုင်ခဲ့တယ်။ သေနတ်က 1 ၂ လက် သိမ်း နိုင်ခဲ့တယ်။ ကျန်တဲ့သေနတ်တစ်လက်က မူးဘောင်ထဲကျသွားလို့ ပြန် ဆယ် ယူဖို့အချိန်မရလို့ မရခဲ့ဘူးဗျ။ အဲဒီတစ်လက်ပါရခဲ့မယ်ဆိုရင် သေနတ်က ၃ လက် ရမှာ။ အခုတော့၂ လက်ပဲရခဲ့တယ်” ဟု ရေဦးပကဖမှ ဖီးနစ်တပ်ခွဲ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောဆိုသည်။
ရေဦးပကဖ ဖီးနစ်တပ်ခွဲအနေဖြင့် ယခု စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်တပ်၏ သေနတ် ၈ လက်ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။