အရာတော်မြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ထားရှိရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင် ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ် CDM ဆရာ/ဆရာမများ Volunteers ဆရာ/ဆရာမ များ အတူ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။