အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို “ပြည်သူက ပြည်သူကို စောင့်ရှောက်ကြပါ ပြည်သူတွေအတွက် တစ်နေ့သုံးကြိမ် မေတ္တာပို့ပေးနေပါတယ်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။