အမှတ် ၁ စစ်ဒေသရှိ မကွေးတောင်းပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါက်တောင်ပိုင်း ကျန်းမာရေး၊ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း(အခြေခံ) Human Right Basic Training နှင့် Federalism Basic သင်တန်းများအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လူ့အခွင့်အရေး၏ အခြေခံ အယူအဆ သဘောတရားများကို နိုင်ငံသား ၁ ဦးခြင်းစီက သိရှိနားလည်စေရန်၊ လူ့အခွင့်အရေး အကြောင်းအရာများကို ပြန်လည်မျှဝေနိုင်ရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်နိုင်စေရန်၊ ပတ်ဝန်းကျင်တွင် လူ့အခွင့်အရေးလချိုးဖောက်မှုများရှိပါက စနစ်တကျ မှတ်တမ်းတင် ကောက်ယူထားနိုင်စေရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် တရားမျှတမှု ရှာဖွေရာတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းအဆင့်၊ နိုင်ငံတကာအဆင့်အထိ တိုင်ကြားနိုင်စေရန် စသည့် ရည်ရွယ်ချက် ၄ ချက်နှင့် ဖက်ဒရယ်အခြေခံသဘောတရားများကို သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။