ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆမီးမြို့မှာ စက်တင်ဘာလ (၁၆) ရက်နေ့ည မနေ့ညက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သူ့ရဲ့နေအိမ်ကနေ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကဖမ်းဆီးသွားတယ်လို့ ဆမီးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
အဖမ်းဆီးခံရတဲ့ ရဲတပ်သားဟာ ဗိုလ်လေးနိုင်ဇော်အောင်လို့ သိရပြီး သူ့ရဲ့နေအိမ်မှာပဲ မနေ့ည ၈ နာရီကျော်လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆမီးမြို့ဒေသခံတစ်ဦးက “သူ(အဖမ်းဆီးခံရသူ ဗိုလ်လေးနိုင်ဇော်အောင်)က ဗျူဟာမှုးရဲ့ လူမိုက်မွေးစားတယ်လို့ ပြောရမလိုပဲ၊ နေရာတကာမှာ လူသွင်ကျယ်လုပ်နေတာ၊ သူ့ကို AA ကရော၊ CDFဘက်ကရော အနေအထိုင် ဆင်ခြင်ဖို့ ခဏခဏ သတိပေးတယ်လို့လည်း ပြောကြတယ်”လို့ ပြောပါတယ်။
အဖမ်းဆီးခံလိုက်ရတဲ့ ဗိုလ်လေးနိုင်ဇော်အောင်ကို ချင်းအမျိုးသားတပ်ဦး (CNF )ကဖမ်းသွားတာလို့ ဒေသခံတွေက ပြောပေမယ့် ချင်းဝေါ်လ်မီဒီယာအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါ။